Pages

ကွန်ပျူတာအသစ်တစ်လုံးဝယ်ယူတပ်ဆင်ရာတွင်သတိပြုစရာအချို့(Basic Tips)

Thursday, July 23, 2015


======================================
ဆိုင်ကနေ ကွန်ပျူတာဝယ်လာပြီးရင် အိမ်မှာ မိမိဘာသာတပ်ဆင်တဲ့နေရာမှာသတိထားသင့်တာလေးတချို့ကိုတင်ပြပါရစေ
အခြေခံအဆင့်သိမှတ်သင့်တာလေးတွေပါ။
ဆိုင်ကနေ၀ယ်လာပြီဆိုတာနဲ့ ပစ္စည်းတွေ အဓိကအားဖြင့်အောက်ကအတိုင်းတွေ့ရပါတယ်။
1/Monitor box
2/keyboard and mouse
3/System Casing box(Installed)
4/UPS Box
အခြား Accessories တွေကတော့ ၀ယ်တဲ့သူအပေါ်နဲ့ ဆိုင်ရဲ့ ဆားဗစ်ပေါ်မူတည်ပြီးကွဲပြားမှာပါ။ဒါပေမယ့်အပေါ်ကလေးခုကတော့ ပါဝင်နေပါလိမ့်မယ်။ မိမိစက်ကိုနေရာချထားရာမှာ LCD Monitor ကို ဖိမိတာ ထိခိုက်မိတာ မဖြစ်ဖို့အထူးသတိထားရမှာဖြစ်ပါတယ်။ Monitor မှာ ကြိုးနှစ်ကြိုးပါဝင်ပါတ်။VGA cable ဒါမှမဟုတ် DVI Cable နဲ့ နောက်တစ်ချိုးကတော့ power ကြိုးဖြစ်ပါတယ်။ဒီနေရာလေးမှာ ကြုံတွေ့ဖူးတာလေးတစ်ခုရှိပါတယ်။ ကွန်ပျူတာ ပါဝါကြိုးရဲ့ခေါင်းဟာ UPS conector နဲ့သဟဇာတမဖြစ်တာလေးပါ။ဒါကြောင့် UPS နဲ့ ကိုက်မကိုက်ဆိုင်မှာကတည်းက ကြည့်သင့်ပါတယ်။ဒါပေမယ့်လည်း ဖြစ်တောင့်ဖြစ်ခဲအသေးအမွှားပါ။
နောက်သတိထားသင့်တာကတော့ ကိုယ့်စက်က Graphic POrt က VGA လား DVI လား Monitor မှာပါတဲ့ Graphic Cable နဲ့ ကိုက်လား ဆိုတာလေးပေါ့။ဒါတွေ့က ပစ္စည်းတွေအကုန်လုံးကို ဆိုင်တစ်ဆိုင်တည်းက၀ယ်မယ်ဆိုရင် သိပ်ဂရုစိုက်စရာမလိုပါဘူး ဆိုင်တစ်က တစ်မျိုး ဟိုဆိုင်ကတစ်မျိုးဝယ်ပြီးအိမ်မှာကိုယ့်ဖာသာဆင်မယ်ဆိုရင်တော့သတိထားပေါ့နော်။Graphic Card စိုက်ထားရင်တော့ ကွန်ပျူတာကGraphic cableကို ကဒ်ပေါ်မှာတပ်ဆင်ဖို့လိုပါတယ်။
နောက် System Casing ကို နေရာချထားရာမှာ အင်္ဂတေ ကြမ်းပြင်တို့ လျှပ်စစ်စီးနိုင်တဲ့နေရာတွေမှာမထားသင့်ပါဘူး။။လျှပ်ကူးနိုင်ပါတယ်။တစ်ခါတစ်ရံ စက်ဖွင့်ထားတုန်း ပုန်းကိုထိမိရင်တောင် လျှပ်စစ်လိုက်လာတတ်ပါတယ်။
နောက် နောက်ကျောဘက်ကိုလည်း နံရံနဲ့ ကပ်မထားသင့်ပါဘူး။လေ၀င်လေထွက်ကောင်းဖို့ လက်မ အတန်ခွာထားသင့်ပါတယ်။
နောက်ကွန်ပျူတာအသစ်ဝယ်ပြီးရင် သတိမူသင့်တာလေးတွေကို သတိရမိတာလေးတွေရေးလိုက်ပါရစေ။
၁။ UPS အသစ်ကိုအည်းဆုံးအား ၁၂ နာရီသွင်းပေးရမယ်လို့သိရပါတယ်။ တစ်ခါတည်းတပ်ဆင်အသုံးပြုရင်လည်းရပါတယ်ဒါပေမယ့်မီးပျက်တဲ့အခါ တောင့်ခံနီုင်မှု ၊ဒါမှမဟုတ် တောင့်ခံနိုင်တဲ့ကြာချိန် တွေမှာလိုအပ်တာတွေရှိကောင်းရှိနိုင်ပါတယ်။ အားသွင်းပြီးမှသုံးတာအကောင်းဆုံးပါ။
၂။ နောက် UPS နဲ့ပတ်သက်လို့ မီးလိုင်းကျတာပျက်တာတွေမှာ အနီရောင်မီးလေးလင်းလာပြီး တီတီ နဲ့အသံပြုပါတယ် ချောက်ဆိုတဲ့အသံလေးလည်းကြားရပြီး Relay လုပ်နေတာမို့ ပြဿနာမဟုတ်ပါ။ တီတီအသံရှည်မြည်လာရင်တော့ UPS အားကုန်နီးတာဖြစ်ပြီး စက်ကို Shutdown လုပ်လိုက်ပါ။
၃။ ကြိုးတွေတပ်ပြီးစက်ဖွင့်တဲ့အခါ မော်နီတာမှာဘာမှပေါ်မလာရင် Graphic Cable ကိုအရင်စစ်ကြည့်ပါ။
Graphic Card တပ်ဆင်ထားပြီး Cable ကိုတော့ Motherboard က on board vga ပေါက်မှာတပ်ထားရင်
ရုပ်လာမှာဖြစ်မဟုတ်ပါဘူး။Card မှာတပ်မှရမှာဖြစ်ပါတယ်။
၎။ စက်ကိုဖွင့်လိုက်ရင် Welcome ထိလာပြီးဘာမှမလာတော့ရင် Graphic Resolution ကြောင့်ဖြစ်ပါတယ်
ဒီလိုဖြစ်ရင် စက်ကို restart ချ ပြီးပြန်တက်လာရင် F8 ကီးလေးနှိပ်ပြီး ပေါ်လာတဲ့အထဲက Setting>>Enable Low -Resolutin Vide (640×480)ကိုရွေးပေးလိုက်ပါ။ဝင်းဒိုးတက်လာကာမှ Screen Resolution ထဲကနေ 1024×768လောက်ရွေးပေးလိုက်ပါ။

ဒါတွေကတော့ ကွန်ပျူတာအသစ်တစ်လုံးဝယ်ယူလာပြီးအိမ်မှာ မိမိဖာသာတပ်ဆင်ရာမှာသတိမူသင့်တာလေးတွေပါ။
အမှားပါသွားရင် ခွင့်လွှတ်ပေးကြပါ။
ပို့စ်ရေးသူ
Hanwailinn

Read more ...

ဘောလုံးပေါက်ကြေးတွေခန့်မှန်းချက်တွေရယူပေးမယ့်MM Football Tipster 3.0

Monday, July 20, 2015
MM Football Tipsters က အရင်အပတ်က ထွက်ရှိခဲ့တဲ့ MM Football Focus 2.0 beta ရဲ့ Stable Version ဖြစ်ပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ ဗားရှင်းက စမ်းသပ်ဖြစ်ပြီးပြီး ဆက်သွယ်လာတဲ့ ပေ့ခ်ျပိုင်ရှင်တွေကိုထပ်ထည့်ပေးထားပါတယ်။ဒီapk က ဘောလုံးလောင်းကစားသူတွေအတွက် အဖိုးတန် ပွဲကြို ခန့်မှန်းချက်တွေ၊ကြေးပေါက်တွေနဲ့ Bookie အကြောင်းတွေ သယ်ဆောင်လာမှာဖြစ်တဲ့အတွက် ရာသီစတင်တော့မယ် အချိန်ကွက်တိ အပ်ဒိတ်လုပ်ပေးလိုက်ပါပြီ။ အရင်ဗားရှင်းတွေကိုဖြုတ်ပြီး ယခုဗားရှင်းကိုသုံးပေးဖို့တော့လိုပါတယ်။အခုဗားရှင်းမှာ မြန်မာ့နာမည်ကြီးTipsterတွေဖြစ်တဲ့ ဟန်စိုးသွေး အောင်ငြိမ်း ကျော်မျိုးဟန် ဂိုးပေါင်းအောင်ကျော် စသူတွေရဲ့ tips တွေကိုလည်းယူထားတဲ့အပြင်အခြားနာမည်ကြီးပေ့ခ်ျတွေ tipster တွေရဲ့ ယူဆချက်တွေပါတစ်ဝကြီးဖတ်ရမှာဖြစ်လို့   ဘောလုံးဝါသနာရှင်တွေ ဆောင်ထားရမယ့် appဖြစ်ပါတယ်။
ဒါအပြင် ဘောလုံးသတင်းတွေကိုပါ တစ်ပါတည်းဖတ်နိုင်မှာဖြစ်ပါတယ်။တစ်ခုပြောလိုတာက ဒီapp ပြုလုပ်သူက tipster တစ်ယောက်မဟုတ်လို့   tips မေးမြန်းခြင်းမပြုလုပ်ကြဖို့ပါ။အကြံပေးလိုတာ မိမိ ပေ့ခ်ျထည့်သွင်းလိုတာတွေအတွက်ဆက်သွယ်နိုင်ပါတယ်။
app ပြုလုပ်သူကတော့ ဆိပ်ဖြူမြို့နယ်၊ကဇွန်းမရွာ၊အပြတ်ရှင်းမိုဘိုင်း မှ ဟန်ဝေလင်းဖြစ်ပါတယ်။
ဆက်သွယ်လိုရင်တော့
http://www.facebook.com/hanwailinn.hanwailinn
http://tipsandtrickscity.blogspot.com/
09 797162070 ကိုဆက်သွယ်နိုင်ပါတယ်။
အကျိုးပြုသားကောင်များရှာဖွေနိုင်ကြပါစေဗျာ
လိုအပ်မယ်ဆို အောက်ကလင့်မှာဒေါင်းလုပ်ယူပါ။

DOWNLOAD ON MEDIAFIRE

OR 

DOWNLOAD ON SOLIDFILES

Read more ...

ဘောလုံးပွဲပေါက်ကြေးတွေနဲ့ခန့်မှန်းချက်တွေရယူပေးမယ့် MM Football Focus version 2 လာပြီ

Wednesday, July 15, 2015
ဥရောပဘောလုံးပွဲရာသီတွေပြန်စပါတော့မယ်..ဒါကြောင့် ယခင်နှစ်က userတွေကို Tips တွေပေးနိုင်ခဲ့တဲ့ ဒီဆော့ဝဲလေးကို update လုပ်ပြီး ဖြန့်ဝေလိုက်ပါတယ်။ယခင်ဗားရှင်းက ဖေ့ဘုတ်ပေါ်လစီအရ Feed တွေမလာတော့ပါဘူး ဒါကြော့င့် သည်update ဗားရှင်းကို ဒေါင်းဖို့လိုပါတယ်။ ဒီ ဆော့ဝဲရဲ့ရည်ရွယ်ချက်က ဒီဆော့ဝဲထဲက အတိုင်း လုပ်ဖို့မဟုတ်ဘဲ မိမိအကြိုက်နဲ့ ကိုက်ညီတာ စဉ်းစားချင့်ချိန်ဖို့ဖြစ်ပါတယ်။ သည်ဆော့ဝဲမှာ မြန်မာ့နာမည်ကြီးtipster တွေဖြစ်တဲ့ ကျော်မျိုးဟန်၊ဟန်စိုးသွေး၊အောင်ငြိမ်းစသူတွေရဲ့ choice တွေလဲပါဝင်ပါတယ်။ဒါ့အပြင်ဖေ့ဘုတ်ပေါ်က ဘောလုံးပေ့ခ်ျများစွာကိုပါထည့်သွင်းထားပါတယ်။
မိမိရဲ ပေခ်ျကို နောက်ဗားရှင်းတွေမှာထည့်သွင်းလိုရင်လည်းဆက်သွယ်နိုင်ပါတယ်။အခုလောလောဆယ် Feed တွေ အကုန်မလာသေးပါဘူး။page အချို့ Active မဖြစ်သေးလို့ပါ။ဘောလုံးပွဲတွေစတာနဲ့ အဆင်ပြေပါလိမ့်မယ်။ appyet ဆိုဒ်ကောင်းမှုနဲ့လုပ်ထားတာလေးဖြစ်ပါတယ်။
ဒီapk ကိုပြုလုပ်သူကတော့ ဆိပ်ဖြူမြို့နယ့်၊ကဇွန်းမ တိုက်နယ်က  အပြတ်ရှင်း မိုဘိုင်းဖုန်းပြုပြင်ရေးမှဖြစ်ပါတယ်ခင်ဗျာ။
တစ်ခုခုအကြံပေးလိုရင်
၀၉၇၈၇၁၆၂၀၇၀
https://www.facebook.com/hanwailinn.hanwailinn
ကိုဆက်သွယ်နိုင်ပါတယ်။
လိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်တွေမှာဆွဲလိုက်ပါ။

DOWNLOAD ON MEDIAFIRE

OR

DOWNLOAD ON SOLIDFILES

Read more ...

ဖေ့ဘုတ်ချက်ရင် ရယ်စရာအသံလေးတွေပို့ပေးနိုင်တဲ့Sound Clips for Messenger(plug in)

Friday, June 19, 2015

Sound Clips for Messenger ဆိုတာ ဖေ့ဘုတ်messenger ရဲ့ pluginတစ်ခုပါ။ဘယ်လိုသုံးလည်းဆိုတော့ သူမှာပါရှိတဲ့ အသံလေးတွေကို မက်ဆေ့အနေနဲ့လှမ်းပို့တာပါ။
Happy
LoL
Sad
Angry
Phrases
Animal
Weather
Music
ဆိုတဲ့ခေါင်းစဉ်ခွဲတွေအောက်မှာအသံမျိုးစုံပါဝင်ပါတယ်။သူငယ်ချင်းတွေနဲ့ချက်တဲ့အခါ ဥပမာ သူပြောတာရယ်ရတယ်ဆိုရင် ကိုယ်က ရယ်သံလေးကို နှိပ်ပြီးပို့လိုက်ရုံပါ။ပျော်ရွှင်သံ၊လှောင်သံ၊ရယ်မောသံ၊၀မ်းနည်းသံ၊ငိုသံ၊ဒေါသသံ၊တိရိစ္ဆာန်သံ၊မိုးချိန်းသံ စသဖြင့်ကိုယ်ခံစားချက်နဲ့ကိုက်ညီတဲ့အသံတွေနဲ့ တစ်ဖက်လူကို ပို့နိုင်ပါတယ်။အသုံးပြုပုံကတော့ အရင်ဆုံးဒေါင်းလုပ်ယူပြီး အင်စတောလုပ်ပါ။ messenger ကိုဖွင့်ပါ။
မိမိ မက်ဆေ့ပို့တဲ့ဘောက်မှာ Like လုပ်တဲ့ ပုံလေးနားက အစက်သုံးစက်ပုံလေးကိုနှိပ်ပြီး Sound clip ဆိုတာနှိပ်ကာ ပို့ချင်တဲ့အသံကိုရွေးပေးလိုက်ရုံပါပဲ။မိမိ messenger အဲဒါပါမလာဘူးဆိုရင် messenger ကို clear data လုပ်ပြီးပြန်ဝင်လိုက်ပါ။

DOWNLOAD HERE

Read more ...

Copy,Print,Edit လုပ်မရတဲ့ PDF Ebook တွေကို Copy,Print ရအောင်

Friday, April 10, 2015
002d8250_medium.jpg



PDF Restriction Remover လေးနဲ့ ကော်ပီလုပ်မရ ပရင့်ထုတ်မရ တဲ့ RC4 , AESနည်းနဲ့ encrypteလုပ်ထားတဲ့  documents တွေကို ပြန်လည်အသုံးပြုလို့အောင်ပြုနိုင်ပါတယ်... ။တချို့ pdf တွေက ပရင့်ထုတ်ဖို့လိုတတ်ကြ
တယ်မဟုတ်လား...။ဒီကောင်လေးနဲ့ PDF ပက်ဝပ်စ်တွေကိုလည်းကျော်ဖြတ်နိုင်ပါတယ်။ အွန်လိုင်းမှာ အီးဘုတ်တွေဖတ်သူတွေအနေနဲ့ ဆော့ထားရမယ့် ဆော့ဝဲကောင်းလေးပါ။ ရိုးရှင်းတဲ့ interface လေးနဲ့ ရိုးရှင်းစွာ အသုံးပြုနိုင်ပါတယ်။ စမ်းသပ်ကြည့်ကြပါဦး။ up to box က လင့်လေးပေးလိုက်ပါတယ်...Create download link ကနေသွားလိုက်ပါဗျာ..

 
[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
Read more ...

Computerပေါ်ကဆော့ဝဲတွေကို Password ခံထားမယ်

Tuesday, April 7, 2015
သင့် သုံးတဲ့ကွန်ပျူတာမှာ app တွေကို သူများတွေမသုံးနိုင်အောင် password ခံထားမယ်ဆို သုံးနိုင်တဲ့ဆော့ဝဲလေးနှစ်ခုပါ။


1]:
STEP 1:  Password Door  ကိုဒေါင်းလုပ်ယူလိုက်ပါ။

STEP 2: ဒေါင်းပြီး install ပြီးတာနဲ့ သင် password ခံထားလိုတဲ့ app ကို ရွေးချယ်ပေးပါ။
STEP 3: ကွန်ပျူတာမှာ password ခံထားရင် ထည့်ပေးထားပါ။ သင့်ပက်ဝပ်ခံထားလိုတဲ့ app ကိုရွေးပြီးတာနဲ့ သင်ထားလိုတဲ့ password ကိုထည့်နိုင်ပါတယ်။

သင့် app မှာ ခံထားတဲ့ password မသိဘဲ ဒီ software ကို uninstall မလုပ်နိုင်ပါဘူး။
နောက်တစ်ခုကတော့
STEP 1:  အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းလုပ်ယူပါ။
Empathy ကိုဒေါင်းရန်
STEP 2: zip ကိုဖြည်ညီ့း empathey ကို run ပါ..သင့်passခံလိုတဲ့ app ကိုရွေးပေးတာနဲ့ install လုပ်ပါမယ်။
STEP 3: အပေါ်ကကောင်နဲ့တူတူပါပဲ..မိမိထားလိုတဲ့password ကို ထည့်ပေးပါ။
အဆင်ပြေကြပါစေ 
အော်မေ့လို့ Empathy ရဲ့ Key ကအောက်မှာပါ။

Name: Registered User
Serial number: A1CA013839CDB4 
 
ပို့စ်ရေးသူ-Hanwailinn-www.tipsandtricks.blogspot.com
www.facebook.com/hanwailinn.hanwailinn

[IMG]
[IMG]
Read more ...

ကွန်ပျူတာကို ပိတ်မည့်အချိန်ကို ကြိုတင်သတ်မှတ်ထားခြင်း (ဆော့ဝဲမလို)

Tuesday, April 7, 2015
ကွန်ပျူတာကို အချိန်တစ်ခု ကြိုတင်သတ်မှတ်ပြီး ပိတ်ထားဖို့လိုရင်သုံးဖို့ပါ။ မိမိသတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့ အလိုအလျောက်ပိတ်သွားမှာပါ။ ဆော့ဝဲတွေတော့ရှိပါတယ် ခုနည်းကတော့ manual နည်းလေးဖြစ်ပါတယ်။ မသိသေးသူများအတွက်ပေါ့ဗျာ
 How To Make A Shutdown Timer!
********** METHOD 1 ***************
1.   Desktop မှာ RightClickထောက်"New=>shortcuts"ကိုသွားလိုက်ပါ။
2.    "Type the location of the shortcut"ဆိုတဲ့အကွက်မှာ
shutdown -s -t 3600 လို့ရိုက်ပြီး  next နှိပ်ပါ။ 3600 ဆိုတာ စက္ကန့်ပါ။ မိမိ ပိတ်ထားလိုတဲ့နာရီကို စက္ကန်နဲ့တွက် ရိုက်ထည့်ပါ။ခုတိုင်းဆို နောက်တစ်နာရီရှိတာနဲ့ကွန်ပျူတာပိတ်သွားပါမယ်။

3.  Shortcut name ကိုကြိုက်တာပေးပါ။.ပြီးရင် shortcut ကို double click နဲ့ run ပေးလိုက်ပါ။

icon ချိန်းချင်ယင်တော့=>properities=>change icon=>browse ကနော ico ဖိုင်လေးရှာ ပေးလိုက်ပါ။
အဲဒလိုသတ်မှတ်ထားတာကိုပြန်ဖျက်ချင်ယင်:
new >shortut တစ်ခုပြန်လုပ်ပြီး
  "Type the location of the shortcut"ဆိုတဲ့အကွက်မှာshutdown -a  လို့ရိုက်ပြီး ဖန်တီးလိုက်ပါ။ပြီးရင် shortcut ကို ကလစ်နှစ်ချက်နဲ့   run ပါ။


********* METHOD 2 *************
နောက်ထပ်လွယ်ကူတဲ့နည်းလေးကတော့Run box မှာရိုက်ထည့်လိုက်ရမှာဖြစ်ပါတယ် ဥပမာ  11:35am မှာပိတ်စေချင်ယင်

start=>Run
  at 11:35 shutdown -s  လို့ရိုက်လိုက်ပါ။

ပြန်ဖျက်မယ်ဆိုရင်တော့
shutdown -a
လို့ရိုက်ထည့်ပေးလိုက်ပါခင်ဗျား

by HanwailinnHanwailinn
www.facebook.com/hanwailinn.hanwailinn
www.tipsandtrickscity.blogspot.com
Read more ...